Listening Skill တိုးတက်စေဖို့ …


အင်္ဂလိပ်ဘာသာစကားလေ့လာသင်ယူသူတိုင်းအတွက် နားထောင်ခြင်းစွမ်းရည် (Listening Skill) သည်မရှိမဖြစ်အရေးကြီးပါသည်။ အင်္ဂလိပ်ဘာသာစကား လေ့လာသင်ယူသူ အများစု သည် Listening Skill နှင့် Writing Skill နှစ်ခုကို ပိုမိုခက်ခဲတတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ရှည်/ လက်ရှည် လေ့ကျင့်ဖို့ ပဲ လိုပါတယ်။ Listening Skill တိုးတက်ဖို့ အတွက် လေ့ကျင့်ရမည့် နည်းလမ်းများ ကို ရေးသားလိုက်ပါတယ်။ မတူညီသောလူမျိုးများသည် အသံထွက်တစ်ခုတည်း ကိုပင် မတူညီသော လေယူလေသိမ်းများဖြင့် ပြောဆိုကြသောကြောင့် စကားလုံးများ အဆင်သင့်ရှိသော်လည်း အကြောင်းအရာတစ်ခုကို နားထောင်သောအခါ (သို့မဟုတ်) ရုပ်ရှင်ဇာတ်လမ်းများ ကြည့်ရှုသောအခါ ချက်ချင်းနားလည်ရန် မလွယ်ကူပါ။ ထို့ကြောင့် အင်္ဂလိပ်ဘာသာစကားကို လေ့လာ သင်ယူလေ့ကျင့်လိုသူများအတွက် အင်္ဂလိပ်လိုပြောသောပတ်ဝန်းကျင် လိုအပ်ပါသည်။ သို့သော် မြန်မာကျောင်းသား/ ကျောင်းသူ လေ့လာသင်ယူသူများအတွက် […]

Verb အကြောင်း နည်းနည်း ပြောမယ်


မနေ့က သင်တန်းသူ တစ်ယောက်က မေးလာပါတယ် join နောက်က ဘာလို့ to မလိုက်ရတာလဲတဲ့ … အဲဒါကြောင့် verb အကြောင်းကို နည်းနည်းလောက် ရေးချင်ပါတယ်။Verb တွေကို အကြမ်းခွဲမယ်ဆိုရင် Transitive Verb နဲ့ Intransitive Verb ဆိုပြီး အဓိက အုပ်စု (၂) ခုတွေ့ ပါမယ်။ E to E dictionary မှာရှိရင် Head Word လို့ခေါ်တဲ့ ကိုယ့်ကြည့်တဲ့ စကားလုံး ပြီးရင် ကွင်းစ ကွင်းပိတ်ထဲမှာ (T) (I) စသည်ဖြင့် တွေ့ပါလိမ့်မယ်။ Transitive verb တွေနောက်က object တိုက်ရိုက် လိုက်ပါတယ်။ preposition မလိုပါဘူး။ဥပမာ – eat […]