Listening Skill တိုးတက်စေဖို့ …


အင်္ဂလိပ်ဘာသာစကားလေ့လာသင်ယူသူတိုင်းအတွက် နားထောင်ခြင်းစွမ်းရည် (Listening Skill) သည်မရှိမဖြစ်အရေးကြီးပါသည်။ အင်္ဂလိပ်ဘာသာစကား လေ့လာသင်ယူသူ အများစု သည် Listening Skill နှင့် Writing Skill နှစ်ခုကို ပိုမိုခက်ခဲတတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ရှည်/ လက်ရှည် လေ့ကျင့်ဖို့ ပဲ လိုပါတယ်။ Listening Skill တိုးတက်ဖို့ အတွက် လေ့ကျင့်ရမည့် နည်းလမ်းများ ကို ရေးသားလိုက်ပါတယ်။ မတူညီသောလူမျိုးများသည် အသံထွက်တစ်ခုတည်း ကိုပင် မတူညီသော လေယူလေသိမ်းများဖြင့် ပြောဆိုကြသောကြောင့် စကားလုံးများ အဆင်သင့်ရှိသော်လည်း အကြောင်းအရာတစ်ခုကို နားထောင်သောအခါ (သို့မဟုတ်) ရုပ်ရှင်ဇာတ်လမ်းများ ကြည့်ရှုသောအခါ ချက်ချင်းနားလည်ရန် မလွယ်ကူပါ။ ထို့ကြောင့် အင်္ဂလိပ်ဘာသာစကားကို လေ့လာ သင်ယူလေ့ကျင့်လိုသူများအတွက် အင်္ဂလိပ်လိုပြောသောပတ်ဝန်းကျင် လိုအပ်ပါသည်။ သို့သော် မြန်မာကျောင်းသား/ ကျောင်းသူ လေ့လာသင်ယူသူများအတွက် […]

ရုပ်ရှင်ကြည့်ရင်း အင်္ဂလိပ်စာ လေ့လာကြမယ်


အင်္ဂလိပ်ဘာသာစကားကို ရုပ်ရှင်ကြည့်ရင်း လေ့လာချင်ပါသလား … ? ဒါပေမယ့် ဘယ်လို လုပ်ရမှန်းမသိဘူးလား … ဘယ်လိုရုပ်ရှင် ရွေးကြည့်ရမလဲ .. ကြည့်ရင်းနဲ့ ဘယ်လို လေ့လာရမလဲ .. သူတို့ပြောတာတွေ နားမလည်ဘူး ဆိုရင်တော့ ဒီစာစုမှာ အင်္ဂလိပ်ဘာသာစကားကို ရုပ်ရှင်ကြည့်ရင်း လေ့လာမယ့် ပုံစံတွေ၊ အချက်အလက်တွေ မျှဝေသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့် ရုပ်ရှင်ကြည့်ရင်း အင်္ဂလိပ်စာ လေ့လာသင့်လဲ ? ************************************************** 1. အင်္ဂလိပ်စာ/ အင်္ဂလိပ်စကား အစစ်ကို လေ့လာနိုင်တယ် အင်္ဂလိပ်ရုပ်ရှင်တွေ ကြည့်တဲ့အခါ ကိုယ်အတန်းထဲမှာ ကြားဖူးတဲ့ Listening Lesson က အသံတွေနဲ့ ကွဲပြားနေတာကို သတိထားမိပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ စကားပြောတဲ့အခါ သူတို့က စကားလုံးတွေကို Linking လုပ်ပြီးပြောတာဖြစ်လို့ပါ။ တစ်ချို့နေရာတွေမှာ […]

ကလေးတွေအတွက် အင်္ဂလိပ်စာ ကို အချိန်ပေးပြီး ရင်းနှီးမြှပ်နှံပါ


ကလေးတွေဆိုတာ အနာဂတ်ရဲ့ ရတနာလေးတွေ ဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး။ အဲဒီကလေးတွေဟာ (၁၀) တန်းအောင်ပြီးမှ၊ ဘွဲ့ရပြီးမှ အင်္ဂလိပ်စာ သင်တန်းတွေ တက်ကြတဲ့ အခါ ငယ်ငယ်ကတည်းက ကျောင်းမှာ အင်္ဂလိပ်စာ ကို (၁၀) နှစ်ကျော်သင်ခဲ့ရပေမယ့် ထိုက်သင့်တဲ့ skill ပါမလာတဲ့အခါ တော်တော်လေး တိုင်ပတ်ပါတယ်။ ဒါကြောင့်မို့လို့ မိဘများ အနေနဲ့ ကလေးတွေကို ငယ်ငယ်ကတည်းက အချိန်ပေးပြီး ပုံမှန်လေ့လာသင်ယူစေဖို့ လိုပါတယ် … ဘယ်လိုတွေ လုပ်ရမလဲ … ? ဒီအကြောင်းနဲ့ ပတ်သက်လို့ CYLE သို့မဟုတ် YLE လို့ လူသိများကြတဲ့ Cambridge Young Learners Exam အကြောင်းပါ … Starters, Movers, Flyers, KET, […]

ကိုယ့်ရဲ့ အင်္ဂလိပ်စာ Level က ဘယ်လောက်ရှိလဲ .. ?


အင်္ဂလိပ်ဘာသာစကားတော့ လေ့လာနေကြတယ် … ကိုယ်က ဘယ် level မှန်းသိချင်တယ်ဆိုရင် အကြမ်းဖျဉ်းအားဖြင့်တော့ အင်တာနက်ကနေ Test လေးတွေ ဖြေကြည့်လို့ရပါတယ်၊Level တွေက ဘယ်လို ခွဲလဲ ဆိုတာကို ဒီမှာ ပြောပြပေးချင်တာပါ။CEFR လို့ လူသိများကြတဲ့ Common European Framework of Reference for Languages အရ ဆိုရင်အခုလိုမျိုး ✴️ Basic User– Beginner/ Breakthrough (A1)– Elementary/ Waystage (A2)✴️ Independent user– Intermediate/ Threshold (B1)– Upper Intermediate/ Vantage (B2)✴️ Proficient user– Advanced (C1)– Mastery/ Proficiency (C2)ဆိုပြီးတော့ အဓိက အုပ်စု (၃) စုနဲ့ […]