AELC ကို ၂၀၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ
ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မကွေး စတဲ့ မြို့ကြီး (၄) မြို့မှာ
ကျောင်းခွဲ (၇) ခု အထိ ဖွင့်လှစ်ထားရှိပါတယ်။ ရန်ကုန်မြို့မှာ
လှိုင်၊ စမ်းချောင်း၊ တာမွေ၊ တောင်ဥက္ကလာ စတဲ့ (၄) မြို့နယ် မှာ
ဖွင့်လှစ်ထားရှိပါတယ်။

အစောပိုင်းကာလ များမှာ Adults များကို အဓိက သင်ကြားပေးခဲ့ပေမယ့်
2019 ခုနှစ်ကစပြီး Young Learners အတန်းများကိုပါ
ဆက်လက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

သင်ရိုးများ အနေနဲ့ Adults တန်းမှာ Cambridge University Press
နောက်ဆုံးထွက် Evolve သင်ရိုးကို အသုံးပြုထားပြီး
A1 – Beginner
A2 – Elementary
B1 – Pre Intermediate
B1+ – Intermediate
B2 – Upper Intermediate
C1 – Advanced

ဆိုပြီး Level (၆) ခု ရှိပါတယ်။

Young Learners အတန်းတွေမှာတော့ အသက် (၆) နှစ် ပြည့်ပြီး KG ပြီးတဲ့
အရွယ်က စပြီးတော့ အသက် (၁၄) နှစ် အထိ
ကလေးငယ်များ တက်ရောက်သင်ယူနိုင်ပါတယ်။ Level များ အနေနဲ့

Grade 1
Foundation
Beginner 1, 2, 3
Basic 1, 2, 3
Elementary 1, 2, 3
Intermediate 1, 2, 3

ဆိုပြီး ခွဲထားပါတယ်။

Young Learners အတန်းများမှာ Oxford, Cambridge,
National Geographic Learning စတဲ့ နိုင်ငံတကာ သင်ရိုးများကို
အသုံးပြုပြီး သင်ကြားပို့ချပေးနေပါတယ်။

ဒါ့အပြင် Cambridge YLE စာမေးပွဲအတွက်

Starters
Movers
Flyers
KET
PET
FCE

အတန်းများကိုလည်း စတင်နေပြီ ဖြစ်ပါတယ်။

သင်ကြားရေး ဆရာ/ ဆရာမ များမှာလည်း သင်တန်းကျောင်း
တည်ထောင်သူ ဆရာအောင်ကိုဦးနဲ့အတူ
Diploma in English
B.A (English), M.A (English)
CELTA, TESOL, TEFL, TKT စတဲ့ သင်ကြားရေးဆိုင်ရာ
ဘွဲ့ ဒီဂရီများ ရရှိထားပြီး၊ သက်ဆိုင်ရာ သင်ကြားရေး
အတွေ့အကြုံ (၃) နှစ် အထက် အရည်အချင်း စေတနာ အတွေ့အကြုံ
ပြည့်ဝတဲ့ ဆရာ/ ဆရာမ များက
သင်ကြားပို့ချပေးနေပါတယ်။

ကိုဗစ်ကာလ ကျောင်းတွေ ပိတ်ထားရပေမယ့် Online သင်တန်းများကို
ဆက်လက်ဖွင့်လှစ်ပေးလျှက်ရှိနေပြီး
မြန်မာနိုင်ငံ အနှံ့အပြားက သင်တန်းသား/ သူ များသာ မက
ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူ၊ ကိုရီးယား စတဲ့ ပြည်ပ နိုင်ငံများက
သင်တန်းသား/သူ များလည်း တက်ရောက် သင်ယူနေကြပါတယ်။

ဒါကြောင့်မလို့ ကိုယ့်ရဲ့ ဘဝခရီးလမ်းမှာ အင်္ဂလိပ်ဘာသာစကားက
အခက်အခဲ တစ်ခုဖြစ်နေတယ်ဆိုရင်
AELC က အကောင်းဆုံး ကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ်။

AELC
We Promise Success